မန္တလေးမြို့တော် မဟာသင်္ကြန်မဏ္ဍပ်၌ ရေကစားသူများ ပျော်ရွှင်စွာဆင်နွှဲ

ချမ်းအေးသာစံ ဧပြီ ၁၅

မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို ဧပြီလ ၁၃ ရက်နေ့ သင်္ကြန်အကြိုနေ့မှ စတင်ကာ နိုင်ငံတစ်ဝန်းလုံး စည်းကားသိုက်မြိုက်စွာ ကျင်းပဆောင်ရွက်ခဲ့ပြီး ဧပြီ ၁၅ ရက်နေ့ သင်္ကြန်အကြတ်နေ့တွင် မန္တလေးမြို့တော်မဟာသင်္ကြန်မဏ္ဍပ်၌ ရေကစားသူများ ပျော်ရွှင်ဆင်နွှဲလျှက်ရှိသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးဆောင်ရွက်ကာ မြန်မာ့ရိုးရာယဥ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို အများပြည်သူများ ပါဝင်ဆင်နွှဲနိုင်စေရန် မန္တလေးကျုံးပတ်လည်တွင် ဗဟိုမဏ္ဍပ်အပါအဝင် မဏ္ဍပ်အကြီး ၁၇ ခု၊ မဏ္ဍပ်အသေး ၂၈ ခု၊ မဏ္ဍပ်စုစုပေါင်း ၄၅ ခုဖြင့် လမ်းလျှောက်သင်္ကြန်ကို စည်ကားသိုက်မြိုက်စေရန် ဆောင်ရွက်ထားရှိသည်။

မန္တလေးမြို့တော်မဟာသင်္ကြန်မဏ္ဍပ်၌ ယနေ့သင်္ကြန်အကြတ်နေ့တွင် ယိမ်းအကပြိုင်ပွဲအသင်း စုစုပေါင်း ၁၂ သင်း ယှဥ်ပြိုင်ကပြသွားမည်ဖြစ်ပြီး နိုင်ငံကျော်အဆိုတော်များ၊ ရုပ်ရှင်သရုပ်ဆောင်များက သီဆိုဖျော်ဖြေသွားမည်ဖြစ်ကြောင်း သိရသည်။

ချမ်းမြေ့မောင်(ချမ်း/စံ)