မိုင်းဆတ် ဧပြီ ၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာလမ်းလျှောက်သင်္ကြန်ပွဲတော်နှင့် သနပ်ခါးသင်္ကြန်ပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီခွဲအချိန်က မယ်ဆွမ်မြောက်ရပ်ကွက်၊ အနော်ရထာလမ်းကြီးရှိ ဗဟိုမဏ္ဍပ်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညီညီထွေးက အဖွင့်အမှာစကားပြောကြားပြီး ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာလမ်းလျှောက်သင်္ကြန်ပွဲတော်နှင့် သနပ်ခါးသင်္ကြန်ပွဲတော်ကို ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညီညီထွေး၊ နယ်မြေခံတပ်နယ်မှ စစ်ဦးစီးမှူး (ပထမတန်း) ဒုတိယဗိုလ်မှူးကြီး သိန်းဇော်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အောင်လွင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအားလွန်နှင့် မြို့မိမြို့ဖတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ယိမ်းအကအဖွဲ့များက မန်းတောင်ရိပ်ခိုသီချင်းဖြင့် စုပေါင်းကပြဖျော်ဖြေသည်။
ယင်းနောက် ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ နယ်မြေခံတပ်နယ်မှ စစ်ဦးစီးမှူး (ပထမတန်း) ဒုတိယဗိုလ်မှူးကြီး သိန်းဇော်နှင့် မြို့မိမြို့ဖတို့က ယိမ်းအဖွဲ့များအား အမွှေးနံ့သာရည်များဖြင့် ပက်ဖြန်းပေးကြပြီး လမ်းလျှောက်သင်္ကြန်နှင့် သနပ်ခါးသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာကြသူများအား စတုဒိသာဖြင့် ကျွေးမွေးဧည့်ကာ ဖျော်ဖြေရေးအစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။ အလားတူ ညနေ ၃ နာရီခွဲအချိန်က နယ်မြေခံတပ်နယ်ရှိ ဗဟိုမဏ္ဍပ်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)