သာကေတမြို့နယ်၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ဖျော်ဖြေရေးမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန် ဖွင့်ပွဲအခမ်းအနား

သာကေတ ဧပြီ ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်တွင် ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ဖျော်ဖြေရေးမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က  မြင်တော်သာလမ်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ရှေ့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မင်္ဂလာအချိန်တွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝင်းလှိုင်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှဝင်းမောင်၊ သာကေတမြို့နယ်စီမံခန့်ခွဲရေး နှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်သူ၊ အဖွဲ့ဝင် ဗိုလ်မှူး သူရိန်ဇော်၊ အဖွဲ့ဝင် ဦးညွန့်ဝေ၊ အဖွဲ့ဝင် မြို့နယ်စီမံကိန်းဦးစီးမှူး ဒေါ်ခင်သင်းသင်းဇော်တို့မှ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ဖျော်ဖြေရေးမဏ္ဍပ်နှင့် လမ်းလျှောက် သင်္ကြန်မဏ္ဍပ်ကို  ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခဲ့ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်သူမှ အဖွင့်နှုတ်ခွန်းဆက် စကား ပြောကြားခဲ့သည်။

ထို့နောက် နိုင်ငံကျော်ပြည်သူချစ် တေးသံရှင်များနှင့် ယိမ်းအဖွဲ့များမှ “မြူမှောင်ဝေကင်း” သီချင်းဖြင့် သီဆိုကပြဖျော်ဖြေ တင်ဆက်ကြပြီး မြန်မာ့ရိုးရာမဟာသင်္ကြန်မဏ္ဍပ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာကြသော ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များမှ မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ သပြေခက်နှင့် အတာရေ ပက်ဖျန်းသည်။

အဆိုပါ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ဖျော်ဖြေရေးမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန် ဖွင့်ပွဲအခမ်းအနားသို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝင်းလှိုင်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှဝင်းမောင်၊ သာကေတမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်သူနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပရဟိတအဖွဲ့များနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်းသိရပြီး အခမ်းအနားသို့ တက်ရောက်လာသူများနှင့် ဧည့်သည်တော်များအား ယိမ်းအကအလှများ၊ ခေတ်ပေါ်တေးဂီတများနှင့် ဖျော်ဖြေခြင်း၊ စတုဒိသာအအေးနှင့် မုန့်များ‌၊ မုန့်လုံးရေပေါ် စတုဒိသာများ ကျွေးမွေးဧည့်ခံခဲ့ကြောင်း သိရသည်။

ကျော်ကျော်(ပြန်/ဆက်)