ညောင်ဦး ဧပြီ ၁၂
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံမြို့ဟောင်းအတွင်းကျင်းပမည့် လမ်းလျှောက်သင်္ကြန် ဗဟိုမဏ္ဍပ်နှင့်ရေကစားမဏ္ဍပ် ဆောက်လုပ်ပြီးစီးမှု၊ အလှဆင်ထားမှု၊ သင်င်္ကြန်လာရောက်သူများ အလှဓာတ်ပုံ၊ ဗီဒီယိုရိုက်ကူးနိုင်ရေးဆောင်ရွက်ထားရှိမှုနှင့် စတုဒိသာမဏ္ဍပ်များ၊ ရေကစားမဏ္ဍပ်တည်ဆောက်ပြင်ဆင်ထားရှိမှု ရာခိုင်နှုန်းပြည့်ပြင် ဆင်ဆောင်ရွက်ထားရှိမှုတို့အား ညောင်ဦးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့်တာဝန်ရှိသူများ ယနေ့နံနက် ၉ နာရီက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုသင်္ကြန်အား ပုဂံမြို့ဟောင်းအတွင်း လမ်းလျှောက်သင်္ကြန်နှင့်အတူ သနပ်ခါးမဏ္ဍပ်၊ စတုဒိသာမဏ္ဍပ်၊ ရေကစားမဏ္ဍပ်များ၊ ပုဂံအငွေ့အသက် မုခ်ဦးတည်ဆောက်ပြီးစီးမှု၊ ပုဂံမြို့ဟောင်းလမ်းတစ်လျှောက် ပုဂံထီး၊ ပုသိမ်ထီးများအလှဆင်ထားရှိပြီး၊ ဓာတ်ပုံ၊ ဗီဒီယိုအလှရိုက်ကူးနိုင်ရေး ပုဂံထီး၊ ပုသိမ်ထီးများ အလှဆင်ထားပြီး သင်္ကြန်လာရောက်သူများ အလှဓာတ်ပုံရိုက်ကူးနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှု၊ လက်ရေးအလှပန်းချီရေးဆွဲလိုသူများ လမ်းလျှောက်သင်္ကြန် ပါဝင်ဆင်နွှဲချိန် လက်အလှပန်းချီရေးဆွဲနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှု၊ ပုဂံချစ်လျှင် ဒီနေရာမှာခြစ်ပါ ဘုရားနံရံများ၊ နံရံပန်းချီများပေါ်မခြစ်ပါနှင့် အသိပညာပေး ဗီနိုင်းချိတ်ဆွဲထားမှု၊ ပုဂံလမ်းလျှောက်သင်္ကြန်နှင့်အတူ ပလတ်စတစ်သုံးဆွဲမှု ကင်းစင်ရေး၊ သောက်ရေသန့်ဘူးများ၊ တစ်ခါသုံးဖော့ဘူးများသုံးပြီးပါက အမှိုက်ပုံများအတွင်း စနစ်တကျစွန့်ပြစ်နိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှု၊ Sound Box များ အသံထွက်တုန်ခါမှု သတ်မှတ်ချက်များဖြင့် အသံထွက်စေရေးစီစဉ်ဆောင်ရွက်ထားရှိမှုတို့အား ကွင်းဆင်းစစ်ဆေးရာ ရာခိုင်နှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို သံစုံတီးဝိုင်း (၆) ဝိုင်း၊ ယိမ်းအဖွဲ့ (၈) ဖွဲ့တို့ဖြင့် အလှည့်ကျဖျော်ဖြေသွားမည်ဖြစ်ကြောင်း၊ လမ်းလျှောက်သင်္ကြန်ပွဲတော်ကာလအတွင်း သရပါတံခါးမှဗူးဘုရားလမ်းထိပ်အထိ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များ ဖြတ်သန်းသွားလာမှု ယာယီပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။
ဒီပါလင်း