ကော့မှူး ဧပြီ ၁၂
ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၊ မကျီးကန်ကျေးရွာအုပ်စု၊ တိုးဂိတ်တွင် ကော့မှူးမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာ ပူးပေါင်းများပူးပေါင်း၍ "စုံ" နံပါတ်အက္ခရာ/ "မ" နံပါတ်အက္ခရာမော်တော်ယာဥ်များအား သတ်မှတ်ရက်အလိုက် မောင်းနှင်အသုံးပြုမှု ရှိ/ မရှိကို ယမန်နေ့မွန်းလွဲပိုင်းက ကွင်းဆင်းစစ်ဆေးနေကြကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှ ရဲအုပ် ဝင်းညွန့် တပ်ဖွဲ့ဝင်များ၊ အမှတ် (၅၄) ယာဥ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံးမှ တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များပူးပေါင်း၍ မြို့နယ်အတွင်းဖြတ်သန်းမောင်းနှင် သောမော်တော်ယာဉ်များ သတ်မှတ်ချက်များနှင့်အညီမောင်းနှင်မှု ရှိ၊ မရှိ စစ်ဆေးဆောင်ရွက်ကြကြောင်း သိရသည်။
ဆက်လက်၍ မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များဖြစ်သော မကျီးကန်ကျေးရွာအုပ်စုရှိ Apex နှင့် Max စက်သုံးဆီအရောင်းဆိုင်၊ အဖျောက်ကျေးရွာအုပ်စုရှိ ရွှေသရဖူ စက်သုံးဆီ အရောင်းဆိုင်များတွင် စီးပွားဖြစ်ဆီတန်းဝင်ဝယ်ယူရောင်းချမှု ရှိ၊ မရှိနှင့် စက်သုံးဆီဆိုင်များအနေဖြင့် စက်သုံးဆီများ ရောက်ရှိ/ဖြန့်ဖြူးမှုအား ညွှန်ကြားချက်များအတိုင်း စနစ်တကျ လုပ်ကိုင်ဆောင်ရွက်ရေးနှင့် ဈေးနှုန်းမြှင့်တင်၍ ရောင်းချခြင်းများမရှိစေရေး၊ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချစေရေး၊ ယာဥ်ကြောပိတ်ဆို့မှုမရှိစေရေး၊ သိုလှောင်ရန် ပေပါခွံများ/ဆီထည့်ပုံးအလွတ်များဖြင့် လာရောက်ဝယ်ယူလာပါက မရောင်းချရေးတို့ကို အသိပေးမှာကြားခဲ့ကြောင်း သိရသည်။
ကျော်သူရ (ကော့မှူး)