ကြာအင်းဆိပ်ကြီး ဩဂုတ် ၅
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ကလေးသူငယ်များ၏ ရပိုင်ခွင့်ရှိသောအခွင့်အရေးများမဆုံးရှုံးစေရေအတွက် မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီကို ဖွဲ့စည်းထားပြီး ဖြစ်ပါသည်။
အဆိုပါ ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝေယံကျော်က အမှာစကားပြောကြားပြီး လူမှုဝန်ထမ်း ဦးစီးအရာရှိက လုပ်ငန်းအခြေအနေများကို ရှင်းလင်းဆွေးနွေးသည်။ ထို့နောက် တက်ရောက်လာကြသူကော်မတီများမှ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းများကို ကဏ္ဍအလိုက် အကြံပြုဆွေးနွေးကြကြောင်း သိရသည်။
သဲဝါ( ပြန်/ ဆက်)