ဝမ်းတွင်းမြို့နယ်၌ မဟာသင်္ကြန်ပွဲတော် ကျင်းပမည်

ဝမ်းတွင်း ဧပြီ ၁၂

မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ်၌ ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို ယိမ်းအကများ၊ သီဆိုဖျော်ဖြေမှုများ၊ စတုဒိသာကျွေးခြင်းများ၊ လမ်းလျှောက်သင်္ကြန်တို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်တွင် ဗဟိုမဏ္ဍပ်အပြင် လမ်းလျှောက်သင်္ကြန်ကိုလည်း အဆိုပါဗဟိုမဏ္ဍပ်အနီးတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ သင်္ကြန်ပွဲတော်ရက်များ၌ ဗဟိုမဏ္ဍပ်တွင် ဌာနဆိုင်ရာများနှင့်ရပ်ကွက်များမှ ယိမ်းအကများ၊ တေးသံရှင်များမှ သီချင်းများဖြင့် သီဆိုဖျော်ဖြေသွားမည်ဖြစ်ပြီး စတုဒိသာများကိုလည်း ကျွေးမွေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဌေးလှိုင်(ဝမ်းတွင်း)