မြောက်ဥက္ကလာပမြို့နယ်၌ မဟာသင်္ကြန်ပွဲတော်နှင့် လမ်းလျှောက်သင်္ကြန်ပွဲတော် ကျင်းပမည်

မြောက်ဥက္ကလာပ ဧပြီ ၁၂

ရန်ကုန်တိုင်းဒေသကြီး ၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ မြန်မာသက္ကရာဇ် ၁၃၈၇ နှစ်၊ မြန်မာတို့၏ နှစ်သစ်ကူးအခါသမယတွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်နှင့် လမ်းလျှောက်သင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

မြောက်ဥက္ကလာပမြို့နယ်၌ မြန်မာသက္ကရာဇ် ၁၃၈၇ နှစ်၊ မြန်မာတို့၏ နှစ်သစ်ကူးအခါသမယတွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို (ဃ) ရပ်ကွက်၊ သုဓမ္မာလမ်းမကြီး၊ ဥက္ကလာသီရိပန်းခြံရှေ့တွင် ဥက္ကလာရင်ခွင်မဏ္ဍပ် ဆောင်ရွက်ထားရှိပြီး မဏ္ဍပ်အတွင်း စတုဒိသာကျွေးမွေးခြင်း၊ သပြေခက်ဖြင့် ရေဖျန်းပက်ခြင်း၊ ဥက္ကလာသီရိ ပန်းခြံအတွင်း လမ်းလျှောက်သင်္ကြန်နှင့် ဈေးဆိုင်ခန်းများ ဖွင့်လှစ်ပေးထားခြင်း၊  ဥက္ကလာရင်ခွင်မဏ္ဍပ်အတွင်း တေးသီချင်းများဖြင့် ဖျော်ဖြေခြင်း၊ ယိမ်းအကအလှများဖြင့် ကပြဖျော်ဖြေခြင်းများကို စည်ကားသိုက်မြိုက်စွာကျင်းပမည်ဖြစ်သည်။  

အဆိုပါ မြောက်ဥက္ကလာပမြို့နယ်၌ မြန်မာသက္ကရာဇ် ၁၃၈၇ နှစ် နှစ်သစ်ကူးအခါသမယတွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို (ဃ) ရပ်ကွက်၊ သုဓမ္မာလမ်းမကြီး၊ ဥက္ကလာသီရိပန်းခြံရှေ့ ဥက္ကလာပရင်ခွင်မဏ္ဍပ်ကို ဧပြီ ၁၃ ရက်နေ့ နံနက် ၉ နာရီတွင် စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်သွားဖြစ်ကြောင်း သိရသည်။

ထို့နောက် မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ဇီဝိတဒါနငါးလွှတ်ခြင်း၊ ပရိတ်တရားများနာယူခြင်း၊ ရပ်ကွက်များအလိုက် မြန်မာ့ဓလေ့ယဉ်ကျေးမှုနှင့်အညီ အသက် ၉၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ခြင်းများကို ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

သက်လွင်စိုး(ပြန်/ဆက်)