ခရမ်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ “သင့်အနာဂတ်ကိုသင်ကိုယ်တိုင်ဖန်တီးယူပါ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပ

ခရမ်း ဧပြီ ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာရေးဆရာ ရနံ့သိုက်ရေးသားသည့် “သင့်အနာဂတ်ကိုသင်ကိုယ်တိုင်ဖန်တီးယူပါ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဧပြီ ၉ ရက် မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည်။

အဆိုပါစာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်နှင်းဝေက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များကို ရှင်းလင်းနွေးပြီး Book Club အဖွဲ့ဝင် မသူဇာလှိုင်က စာရေးဆရာ ရနံ့သိုက်ရေးသားသည့်” သင့်အနာဂတ်ကိုသင်ကိုယ်တိုင်ဖန်တီးယူပါ” စာအုပ်တွင် အလုပ်ကို ကိုယ်တိုင်တိကျသေချာစွာ လုပ်ဆောင်နိုင်သောသူသည် အောင်မြင်မှုကို ရရှိနိုင်မည်ဖြစ်ကြောင်း၊ တွေဝေငေးမောနေသူများသည် အဖိုးတန်သည့်အချိန်ကို ဖြုန်းတီးနေသူများသာ ဖြစ်ပါကြောင်းနှင့် ကြီးပွားတိုးတက်အောင်မြင်လိုသူတိုင်း ကောင်းသောအလေ့အကျင့်များကို ငယ်စဥ်ကပင် မွေးမြူသင့်ပါကြောင်းတို့ကို ရေးထားသော စာအုပ်ဖြစ်ပါကြောင်း စာအုပ်ပါအကြောင်းအရာများကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ Youth Club အဖွဲ့ဝင် မယဉ်ယဉ်အေးက ငယ်စဉ်ကပင် မိမိဘဝတိုးတက်ရေးအတွက် ကြိုးစားတည်ဆောက်ရမည်ဖြစ်ကြောင်း၊ လူငယ်များသည် အနာဂတ်ကြယ်ပွင့်များဖြစ်သည့်အတွက် အရည်အချင်းပြည့်၀အောင် ကြိုးစားသင်ယူသင့်ပါကြောင်းတို့ကို ရေးသားထားသော စာအုပ်ဖြစ်ပါကြောင်းနှင့် စာအုပ်ပါအကြောင်းအရာများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ခင်နှင်းဝေ (ခရမ်း-ပြန်/ဆက်)