မြစ်သား ဧပြီ ၁၁
မြန်မာတို့၏ ရိုးရာယဉ်ကျေးမှုတစ်ခုဖြစ်သည့် မဟာသင်္ကြန်ပွဲတော်ကို မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၌ နှစ်စဉ်စည်ကားသိုက်မြိုက်စွာကျင်းပလျက်ရှိရာ ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်အား ယခင်နှစ်များထက် ပိုမိုစည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မြစ်သားမြို့နယ်အနေဖြင့် ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ဗဟိုမဏ္ဍပ်၊ ရေကစားမဏ္ဍပ်၊ လမ်းလျှောက် သင်္ကြန်မဏ္ဍပ်အပြင် စတုဒိသာမဏ္ဍပ်များအား မြစ်သားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့၌ ပြင်ဆင်ဆောက်လုပ်လျက်ရှိပြီး ဖျော်ဖြေရေးများအနေဖြင့် သင်္ကြန်ယိမ်းအဖွဲ့ ၁၀ ဖွဲ့မှ နေ့စဉ်ဖျော်ဖြေ တင်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ဗဟိုမဏ္ဍပ်အပြင် အခြားသောမဏ္ဍပ်များ ကြိုတင်ပြင်ဆင် ဆောက်လုပ်နေမှုများအား မြို့နယ်စီမံခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းအောင်၊ မြို့နယ်သစ်တောဦးစီးဌာနနှင့်လမ်းဦးစီးဌာနတို့မှ ကြီးကြပ်၍ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို မှာကြားခဲ့ကြကြောင်း သိရသည်။
ဝင်းမင်းထွန်း (ပြန်/ဆက်)