ပုသိမ်ကြီး ဧပြီ ၁၀
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ် မီးသတ်ဦးစီးဌာနသည် နွေရာသီရောက်ရှိလာပြီဖြစ်၍ မြို့နယ်အတွင်း အောင်ချမ်းသာကျေးရွာ ပြည်သူများ၏ နေအိမ်များကို တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေးခြင်းကို ဧပြီ ၉ ရက် နံနက် ၉ နာရီက မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးဆောင်၍ ကွင်းဆင်းစစ်ဆေးကြသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်သူများအနေဖြင့် မီးသတိရှိရေး မီးလောင်မီးလန့်မှု မဖြစ်ပွားစေရေး၊ အသိပညာပေးဟောပြောခြင်း၊ 191 Report Application အသုံးပြုနည်းအား ရှင်းလင်းပြောကြားပေးခဲ့ပြီး၊ အိမ်တိုင်းဆောင်ထားသင့်သည့် မီးသတ်ဆေးဗူး၊ မီးငြှိမ်းသတ်ရေးပစ္စည်းများအား ကြည့်ရှုစစ်ဆေးကာ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးသည်။ မြို့နယ်အတွင်း ကျန်ရှိနေသေးသည့်နေရာများကိုလည်း ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇာနည်ကိုကို ပြန်/ဆက်