သန်လျင် ဧပြီ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ အလွမ်းဆွတ်ကျေးရွာ ရေတပ်လမ်းမကြီးပေါ်၌ ယမန်နေ့နံနက် (၅)နာရီ (၄၄)မိနစ်အချိန်က ယာဉ်တိုက်မှုဖြစ်ပွားသဖြင့် ခရိုင်နှင့်မြို့နယ် မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ အလွမ်းဆွတ်ကျေးရွာ၊ ရေတပ်လမ်းမကြီးပေါ်တွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး ယာဥ်မောင်းတစ်ဦး ညပ်နေကြောင်း သတင်းရသဖြင့် သန်လျင်မြို့နယ် မီးသတ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးဇော်မျိုးဝင်းဦးဆောင်၍ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန်လျင်ခရိုင် မီးသတ်စခန်းမှ ဦးစီးအရာရှိ ဦးပြည့်ဖြိုးဟိန်း ဦးဆောင်၍ ရှာဖွေကယ်ဆယ်ရေးယာဉ် 191 (၁)စီးဖြင့် ထွက်ခွာရာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ညပ်နေသည့်လူနာ (မစိုးရိမ်ရ)အား ကယ်ဆယ်ရွှေ့ထုတ်နိုင်ခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
ဖြိုးသီဟ (သန်လျင်)