လသာ ဧပြီ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ အပတ်စဉ် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ယမန်နေ့နံနက် ၁၀ နာရီက သွေးတိုးနှင့် ဆီးချိုရောဂါ ခံစားနေရသောလူနာများအား ဆရာဝန်များမှ စနစ်တကျစစ်ဆေးကြည့်ရှု၍ လိုအပ်သည့်ကုသမှုများ ဆောင်ရွက်ပေးခဲ့သည်။
ထို့ပြင် လူနာများနှင့်ပြည်သူများ၏ ကျန်းမာရေးတိုးတက်စေရန်ရည်ရွယ်၍ Chair exercises လေ့ကျင့်ခန်းများကို လက်တွေ့ပြုလုပ်စေခဲ့ပြီး ကိုယ်လက်လှုပ်ရှားမှု၏ အရေးပါမှုများကိုလည်း ရှင်းလင်းပြောကြားကာ တီဘီရောဂါနှင့် အနာကြီးရောဂါများကို အချိန်မီသိရှိနိုင်ရေးအတွက် screening စစ်ဆေးမှုများကိုလည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့နောက် နွေရာသီအပူပြင်းထန်သည့်ကာလတွင် ဖြစ်ပေါ်နိုင်သည့် အပူဒဏ်အန္တရာယ်များမှ ကာကွယ်နိုင်ရန် ကျန်းမာရေးအသိပညာပေးဟောပြောမှုများကိုလည်း ပြုလုပ်ခဲ့ပြီး ပြည်သူများအား လိုက်နာရမည့် ကျန်းမာရေးအချက်အလက်များကို အသိပေးခဲ့ကြောင်း သိရသည်။
နေလင်း (ပြန်/ဆက်)