အောင်မြေသာစံမြို့နယ်ကျန်းမာရေးဦးစီးဌာနက အပူဒဏ်ကာကွယ်ရေးပညာပေး 

မန္တလေး ဧပြီ ၁၀

မန္တလေး အောင်မြေသာစံမြို့နယ်အတွင်းရှိ နန်းတော်ရှေ့ဈေး၊ ဆရာစံဈေးနှင့်ညောင်ပင်ဈေးတို့တွင် ပြည်သူလူထုအား အပူဒဏ်အန္တရာယ်နှင့်ပတ်သက်၍ သတိပြုရမည့်အချက်များ ပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များနှင့်ဓာတ်ဆားထုပ်များဝေငှခြင်းနှင့် ပိုစတာများချိတ်ဆွဲခြင်းများကို မြို့နယ်ကျန်းမာရေးဦးစီးဌာနက ဆောင်ရွက်ကြသည်။

မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာသန့်စင်လင်းနှင့်သူနာပြုများ၊ ဝန်ထမ်းများသည် ဈေးတာဝန်ခံများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များ၊ လူမှုကူညီရေးအသင်းအဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းပါဝင်၍ ဧပြီ ၈ရက်က ဈေးသူ၊ ဈေးသားများ၊ ဈေးဝယ်လာပြည်သူများနှင့် လမ်းသွားလမ်းလာများအား အပူဒဏ်ကာကွယ်ရေးအသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များ ဝေငှခြင်း၊ ဓာတ်ဆားထုပ်များဝေငှခြင်းများ ဆောင်ရွက်ကြပြီး အသိပညာပေးနံရံကပ်ပိုစကာများ ချိတ်ဆွဲခဲ့ကြကြောင်းသိရသည်။

မြင့်မော်ထွန်း(ပြန်/ဆက်)