ပျော်ဘွယ် ဧပြီ ၇
ပျော်ဘွယ်မြို့နယ်၌ လေပြင်းတိုက်ခတ်မှုကြောင့် ဝါးရင်းတုတ်ကျေးရွာအုပ်စု၊ ငန့်ဇင်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းအဝင်ဆိုင်ဘုတ်မှာ ဧပြီလ ၇ ရက်၊ ညနေ ၄ နာရီခွဲအချိန်ခန့်က လဲကျပျက်စီးခဲ့ကြောင်း သိရသည်။
မြို့နယ်အတွင်း ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက်၊ ညနေ ၄ နာရီခွဲအချိန်ခန့်က လေပြင်းတိုက်ခတ်ခြင်းနှင့်တူ မိုးအနည်းငယ်ရွာသွန်းခဲ့ပြီး လေပြင်းတိုက်ခတ်မှုကြောင့် အဆိုပါကျေးရွာမူလတန်းကျောင်း ဆိုင်းဘုတ်မှာ လဲကျပျက်စီးသွားခြင်းဖြစ်ကြောင်း၊ မိုးရွာသွန်းမှုအနေဖြင့် မြို့တွင်း၌ သုံည ဒဿမ တစ်ဆယ့်နှစ် လက်မ သာဖြစ်ကြောင်း၊ စာသင်ကျောင်းအဝင် ဆိုင်းဘုတ်လဲကျပျက်စီးမှုကြောင့် လူနှင့်တိရစ္ဆာန်များထိခိုက်မှု မရှိကြောင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)