မိုင်းပန်မြို့နယ်၌ မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်ရေး သရုပ်ပြမှုဆောင်ရွက်

မိုင်းပန် ဧပြီ ၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် မီးသတ်ဦးစီးဌာနနှင့် ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်ရေးသရုပ်ပြမှုကို မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ပြည်သူ့ဆေးရုံ၌ ယနေ့နံနက် ၉ နာရီက ကျင်းပသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဟိန်းလင်းထိုက်နှင့်  မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာနိုင်လင်းထွန်းတို့က ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမတွင်  မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲခဲ့ကြပြီး လက်တွေ့မီးငြှိမ်းသတ်ရေး သရုပ်ပြမှုကို ဆောင်ရွက်ခဲ့သည်။ ဆက်လက်၍ မီးငြှိမ်းသတ်ရေးကို သူနာပြုဆရာမများအား လက်တွေ့ဆောင်ရွက်စေခဲ့ပြီး ပြည်သူ့ဆေးရုံတွင် ထားရှိသော မီးချိတ်မီးကပ်များ၊ မီးသတ်ဆေးဘူးများကို မီးသတ်ဦးစီးမှူးမှ စစ်ဆေးပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)