ကျောက်တန်းမြို့နယ်၌ သောက်သုံးရေများ လှူဒါန်း

ကျောက်တန်း ဧပြီ ၇

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ ရွှေပျောက်ကျေးရပ်ကွက်ရှိ သောက်သုံးရေများ လိုအပ်သောနေရာများသို့ ယနေ့ မနက်ပိုင်းက ရေလှူဒါန်းဆောင်ရွက်ခဲ့သည်၊၊

အဆိုပါသောက်သုံးရေများ ရေလှူဒါန်းခြင်းအား ကျောက်တန်းမြို့နယ်မီးသတ်စခန်းမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်ကျော်ဝင်း ဦးဆောင်သည့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများမှ မီးသတ်ရေသယ်ယာတို့ဖြင့် သွားရောက်လှူဒါန်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရရှိသည်။

နေလင်းကျော် (ပြန်/ဆက်)