သီပေါ ဧပြီ ၇
သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်တတ်စေရန်၊ သဘာဝဘေးအန္တရာယ်များအကြောင်း သိရှိနားလည်စေရန်နှင့် ဆောင်ရန်၊ ရှောင်ရန်များ သိရှိစေရန်တို့အတွက် ရည်ရွယ်၍ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ (၁)နာရီက ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်နီလာစိုး က အသိပညာပေးဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး သဘာဝဘေးအန္တရာယ်ကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများ အကြောင်း၊ ရေဘေး၊ မီးဘေး၊ မြေငလျင်ဘေး၊ မုန်တိုင်းဘေး၊ မြေပြိုခြင်းဘေး၊ လျှပ်စီးလက်မိုးကြိုးပစ်ခြင်း စသည့်အန္တရာယ်များ ကြုံတွေ့လာပါက ကြိုတင်ကာကွယ်နိုင်သည့်နည်းလမ်းနှင့် ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာပေး ဟောပြောခဲ့သည်။ အဆိုပါအသိပညာပေးဟောပြောပွဲသို့ ရပ်ကွက်နေပြည်သူများ(၁၅)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)