မိုင်းခုတ် ဧပြီ ၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့နံနက် ၁၀ နာရီက စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲအား မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းခုတ်မြို့ရုံးမှ ဒုတိယဦးစီးမှူး ဒေါ်ခင်သန္တာအောင်က လူငယ်များအနေဖြင့် ငယ်ရွယ်စဉ်မှစ၍ စာပေဖတ်ရှုလေ့လာသင့်ကြောင်း၊ အားလပ်သည့်အချိန်များတွင် စာကြည့်တိုက်၌ စာပေလာရောက်ဖတ်ရှုလေ့လာနိုင်ပုံစသည်တို့ကို ဟောပြောပါသည်။
ဟောပြောပွဲသို့ မိုင်းခုတ်မြို့မှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။
ခင်သန္တာအောင်