ပင်းတယမြို့၌ ၁၃၈၈ ခုနှစ်၊ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

ပင်းတယ ဧပြီ ၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ၁၃၈၈ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အတာသင်္ကြန်ပွဲတော်အား ပင်းတယ၊ ရပ်စောက်နှင့်အောင်ပန်း ကားလမ်းမကြီး‌ပေါ်ရှိ သဘာဝပုန်းတလုတ်ရေကန်မြောက်ဘက်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်အား ဧပြီလ ၁၃ ရက်နေ့မှ ၁၆ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး၊ ၎င်းပွဲတော်တွင် လမ်းလျှောက်သင်္ကြန်၊ မြန်မာ့ရိုးရာသနပ်ခါးသင်္ကြန်၊ မြန်မာ့ရိုးရာလက်ဖက်သင်္ကြန်နှင့် စတုဒီသာကျွေးမွေးခြင်းတို့ကို ထည့်သွင်းကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး၊ ပွဲတော်ရက်အတွင်း ဓနုတိုင်းရင်းသားရိုးရာတေးသံရှင်များ၊ ဓနုရိုးရာအကအလှများ၊ အနုပညာဝါသနာရှင်များနှင့် ယိမ်းအကအဖွဲ့များမှ သီဆိုကပြဖျော်ဖြေ‌မည်ဖြစ်ကြောင်း သိရသည်။

အောင်ကိုဦး(ပြန်/ဆက်)