မိုင်းနောင် ဧပြီ ၇
မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသကြင်္န်ပွဲတော်ကို နိုင်ငံတစ်ဝန်းလုံး၌ နှစ်စဉ်နှစ်တိုင်း စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိရာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းနောင်မြို့တွင်လည်း ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မိုင်းနောင်တပ်နယ်မှ တာဝန်ရှိသူများ၏ ဦးဆောင်မှု မြို့အုပ်ချုပ်ရေးမှူး၏ အနီးကပ်ကြီးကြပ်မှုတို့ဖြင့် မဟာသင်္ကြန်ဗဟိုမဏ္ဍပ်ကို လူစည်ကားရာ မြို့အဝင် ချောင်းဘေးတွင် ဆောက်လုပ်လျက်ရှိပြီး သင်္ကြန်ယိမ်းအဖွဲ့များ၊ တေးဂီတ အဆိုအကများ၊ စတုဒီတာကျွေးမွေး ဧည့်ခံခြင်းများကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မိုင်းနောင်မြို့ မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် စည်စည်ကားကားဖြင့် အဆင်ပြေပြေကျင်းပနိုင်ရေးအတွက် ကော်မတီများဖွဲ့စည်းကာ ဗဟိုမဏ္ဍပ်ဆောက်လုပ်ခြင်း၊ ယိမ်းအကလေကျင့်ခြင်းများကို ကြိုတင်ပြင်ဆင်လျက်ရှိကြောင်း သိရသည်။
မနန်း(မိုင်းနောင်)