တိုက်ကြီးမြို့နယ် ပညာ့အလင်းစာကြည့်တိုက်သို့ သုတ၊ ရသစာအုပ်စာစောင်များ ပေးအပ်လှူဒါန်းပွဲ ကျင်းပ

တိုက်ကြီး ဧပြီ ၆

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၌ နွေရာသီကျောင်းပိတ်ရက်ကာလ ကျောင်းသား၊ ကျောင်းသူများ အမျိုးအစားစုံလင်သည့် စာအုပ်စာပေများ လေ့လာဖတ်ရှုနိုင်စေရန်ရည်ရွယ်၍ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့က အင်းကုလားရပ်ကွက်ရှိ ပညာ့အလင်းစာကြည့်တိုက်သို့ သုတ၊ ရသ စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းပွဲကို ယနေ့နံနက် ၉ နာရီက အဆိုပါစာကြည့်တိုင်တွင် ကျင်းပသည်။

ဦးစွာ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်စန်းယုမေက ကျောင်းသား၊ ကျောင်းသူများ ကျောင်းပိတ်ရက်တွင် စာကြည့်တိုက်ကိုအသုံးချနိုင်စေရန်၊ စာဖတ်ခြင်းကို ဝါသနာပါလာစေရန်၊ စာအုပ်နှင့် ရင်းနှီးလာစေရန်နှင့် အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်ရည်ရွယ်၍ စာအုပ်လှူဒါန်းခြင်းဖြစ်ကြောင်းပြောကြားပြီး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ တာဝန်ရှိသူများက သုတ၊ ရသ စာအုပ်၊ စာစောင်များကို ပေးအပ်လှူဒါန်းရာ ပညာ့အလင်းစာကြည့်တိုက်ဥက္ကဋ္ဌ ဦးလှဝင်းနှင့် စာကြည့်တိုက်ကော်မတီဝင်များက လက်ခံရယူခဲ့ကြောင်း သိရသည်။

ဝတ်ရည် (ပြန်/ဆက်)