ကော့သောင်းမြို့နယ်တွင် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေးကြိုတင်ပြင်ဆင်

ကော့သောင်း  ဧပြီ ၆

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင် ကော့သောင်းမြို့နယ်၌ မြန်မာသက္ကရာဇ် ၁၃၈၇-၁၃၈၈ခု မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် စနစ်တကျစည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးနှင့် အများပြည်သူအေးချမ်းပျော်ရွှင်စွာဆင်နွှဲနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုအား ယနေ့မွန်းလွဲပိုင်းက ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲမြတ်တင့်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုင်လင်းထက်နှင့် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ဖြစ်မြောက်ရေးကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာမှတာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ကော့သောင်းမြို့နယ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်တည်ဆောက်နေမှုအခြေအနေများ၊ လမ်းလျှောက်သင်္ကြန်ကျင်းပနိုင်ရေးဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ရေကစားမဏ္ဍပ်နှင့်စတုဒိသာကျွေးမွေး‌နိုင်‌ရေး ဆောင်ရွက်မည့်အခြေအနေများ၊ သင်္ကြန်ကာလအတွင်း အများပြည်သူဘေးကင်းလုံခြုံရေးနှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ထားရှိမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးသည်။ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)