ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ သောက်သုံးရေအခက်အခဲဖြစ်‌နေသော ပြည်သူများအား သောက်သုံးရေများ လှူဒါန်းပေး

ဒဂုံမြောက် ဧပြီ ၅

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် သောက်သုံးရေလိုအပ်လျက်ရှိသော ပြည်သူများအား ယနေ့နံနက်ပိုင်းက  ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်မီးသတ်ဦးစီးဌာနမှ ရပ်ကွက်အတွင်းသို့ ရေများလှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ရေများဖြည့်တင်းလှူဒါန်းမှု ဆောင်ရွက်ရာတွင် ဒဂုံမြို့သစ်(မြောက်ပိုင်း) (၄၈)ရ​​ပ်ကွက်၊ ရှင်တရာလမ်းနှင့် သခင်အုန်းဖေကြီးလမ်းအတွင်းရှိ သောက်သုံးရေလိုအပ်လျက်ရှိသော ပြည်သူများအား မြို့နယ်မီးသတ်ဦးစီးမှူး၊ ဦးစီးအရာရှိ ဦးတင်ထွန်းအောင်ဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင် ငါးဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ငါးဦး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးတင်ဘိုဘိုဦးနှင့် အဖွဲ့ဝင်ဆယ်ဦးတို့ပူးပေါင်း၍ 4N/9476 DongFeng မီးသတ်ရေသယ်ယာဉ် (၁)စီးဖြင့် ရေဂါလန် ၃၂၀၀ အား လှူဒါန်း‌ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြင့်မြင့်ရီ