ညောင်ဦးမြို့၌ သစ်စက်၊ သစ်အရောင်းဆိုင်လုပ်ငန်းများ မီးဘေးကြိုတင်ကာကွယ်နိုင်ရေး ကွင်းဆင်းစစ်ဆေး

ညောင်ဦး ဧပြီ ၅

မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်အတွင်း ရောင်းချလျက်ရှိသော သစ်စက်၊ သစ်အရောင်းဆိုင်များ မီးဘေးကြိုတင်ကာကွယ်နိုင်ရေးအတွက် အမှတ်(၃)ရပ်ကွက်အ တွင်းသို့ ဧပြီ ၅ ရက်၊နံနက် ၈ နာရီအချိန်က ကွင်းဆင်းစစ်ဆေးဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သစ်စက်၊သစ်အရောင်းဆိုင်လုပ်ငန်းများ မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးရာ ညောင်ဦးမြို့နယ်၊ မီးသတ်ဦးစီးဌာန၊ ဒုတိယမီးသတ်ဦးစီးမှူး ဦးရဲမင်းထွန်းနှင့်မီး သတ်တပ်ဖွဲ့ဝင် (၈)ဦးတို့က အောင်သစ်၊သစ်အရောင်းဆိုင်အား မီးဘေးကြိုတင်ကာကွယ်ရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေး မီးသတ်ဆေးဘူးထားရှိမှုနှင့် မီးဘေးကြိုတင်ကာကွယ်နိုင်ရေး ဆောင်ရွက်ထားရှိမှုအပေါ် လိုအပ်သည်များ အကြံပေးခဲ့ကာ မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဒီပါလင်း