ဥက္ကံမြို့၌ စက်သုံးဆီအရောင်းဆိုင်များ သတ်မှတ်စည်းကမ်းများနှင့်အညီ ရောင်းချစေရေး ကွင်းဆင်းစစ်ဆေး

တိုက်ကြီး ဧပြီ ၅

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့၌ စက်သုံးဆီ အရောင်းဆိုင်များအနေဖြင့် သတ်မှတ်ထားသော စည်းကမ်းများနှင့်အညီ ရောင်းချမှုရှိ/မရှိကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးသည်။

တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့ ဦးအောင်ဇေယျရပ်ကွက် APEX ဆီဆိုင်၊ ဥက္ကံရွာမကျေးရွာအုပ်စု ဩရသဆီဆိုင်၊ ဘွက်ကုန်းကျေးရွာအုပ်စု ZTH စက်သုံးဆီအရောင်းဆိုင်များအနေဖြင့် သတ်မှတ်ထားသော စည်းမျဉ်း၊ စည်းကမ်းညွှန်ကြားချက်များနှင့်အညီ ရောင်းချရေး၊ တရားမဝင်စက်သုံးဆီ ရောင်းချခြင်းများ မပြုလုပ်စေရေးကို ဥက္ကံမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးသန့်ဇင် ဦးဆောင်၍ မြို့စည်ပင်သာယာရေးအဖွဲ့ တာဝန်ခံ၊ နယ်မြေရဲစခန်း တာဝန်ခံ၊ နယ်မြေမီးသတ်စခန်း တာဝန်ခံတို့ ပူးပေါင်းကာ ကွင်းဆင်းစစ်ဆေးခဲ့ပြီး ဆိုင်မန်နေဂျာများအား သတ်မှတ်ချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်နှင့် စက်သုံးဆီအရောင်းဆိုင်များ ပုံမှန်ဖွင့်လှစ်ရောင်းချရေးတို့ကို အသိပေးမှာကြားခဲ့ကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)