မြစ်သား ဧပြီ ၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ မြစ်သားမြို့မစျေးနှင့် ကူမဲမြို့မစည်ပင်သာယာဈေးတို့အား မီးဘေးအန္တရာယ်ကင်းရှင်းစေရေး ကွင်းဆင်းစစ်ဆေးရာ ဧပြီ ၃ ရက် ညနေ ၅ နာရီ အချိန်က လိုက်လံစစ်ဆေးဆောင်ရွက်ခဲ့သည်။
ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် မြစ်သားမြို့မဈေးနှင့် ကူမဲမြို့မစည်ပင်သာယာဈေးတို့အား မီးဘေးအန္တရာယ်မှကင်းဝေးစေရေး၊ မီးလောင်မှု/မီးလန့်မှုများမဖြစ်ပွားစေရေးတို့အတွက် ဈေးပိတ်ချိန်တွင် မီးကြွင်းမီးကျန်များမကျန်ရှိစေရေး၊ လျှပ်စစ်မီးများစနစ်တကျပိတ်ထားစေရေးနှင့် မီးဘေးလုံခြုံရေးတို့အတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်မင်းကျော်ဦးဆောင်၍ သန္ဓေ/အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဈေးတာဝန်ရှိသူများကပူးပေါင်း၍ စည်ပင်သာယာဈေးများအတွင်း လိုက်လံစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝါဝါမြင့် (မြစ်သား)