ခရမ်းမြို့နယ် မီးသတ်စခန်းမှ ရပ်ကွက်များသို့ ရေပေးဝေရေးလုပ်ငန်းများ ဆောင်ရွက် ​​​​​​​

ခရမ်း ဧပြီ ၅

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၊ အမှတ်(၂) ရပ်ကွက်နှင့် (၉) ရပ်ကွက်အတွင်းရှိ သောက်သုံးရေ လိုအပ်လျက်ရှိသော ပြည်သူများအား ယမန်နေ့ နေ့လယ်ပိုင်းက ခရမ်းမြို့နယ် မီးသတ်စခန်းမှ ရပ်ကွက်များအတွင်းသို့ ရေများ ဖြည့်တင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ရေများ ဖြည့်တင်းဆောင်ရွက်ရာတွင် ခရမ်းမြို့ အမှတ် (၂) ရပ်ကွက်နှင့် (၉) ရပ်ကွက် အတွင်းရှိ သောက်သုံးရေ လိုအပ်လျက်ရှိသော ပြည်သူများအား မြို့နယ်မီးသတ်ဦးစီးမှူး ဦးမြတ်စိုးမိုး ဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင်များက မီးသတ်ရေသယ်ယာဉ် (၁) စီးဖြင့် ရေဂါလန် ၃၂၀၀ အား သွားရောက်လှူဒါန်း‌ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရသည်။

ခင်နှင်းဝေ (ပြန်/ဆက်)