ကွမ်းခြံကုန်း ဧပြီ ၅
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ ကံကြီး/မကျီးရပ်ကွက်၊ ဇေယျာသိန်ကျောင်းတိုက်၌ စာအောင်လက်မှတ်နှင့် အလှူငွေများ ဆက်ကပ်လှူဒါန်းသည့် စူဠဘွဲ့နှင်းသဘင် အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို၍ ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်သည်။ ယင်းနောက် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဥူးပဏ္ဍိတ)ထံမှ ဌာနဆိုင်ရာ အကြီးအကဲများက ငါးပါးသီလ ခံယူဆောက်တည်ကာ ဆရာတော်ထံမှ သြဝါဒကထာ နာကြားခဲ့ပြီးစာဖြ စာအောင်တော်မူကြသည့် ဓမ္မာစရိယ(၄)ပါး၊ ပထမကြီး(၂)ပါး၊ပထမလတ် (၃)ပါး၊ပထမငယ် (၃)ပါး၊ အခြေပြုမူလတန်း (၁၇)ပါး၊ စုစုပေါင်း (၂၉)ပါးတို့အား စာအောင်လက်မှတ်နှင့် ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကြွရောက်တော်မူလာကြသည့် မြို့နယ်သံဃာ့နာယကအဖွဲ့၊ ဩဝါဒစရိယ ဆရာတော်များအား ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခြင်းများကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက ဆပ်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဆရာတော်သံဃာတော်များက ရေစက်သွန်းချ အမျှပေးဝေခဲ့ကာ အခမ်းအနားအား ဗုဒ္ဓသာသနံ စိရံတိဌတု (၃) ကြိမ် ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)