ကျန်းမာရေးဝန်ကြီးဌာန အငြိမ်းစားပြည်ထောင်စုဝန်ကြီး ဂုဏ်ထူးဆောင်ပါမောက္ခ ဦးဖေသက်ခင် ဆေးတက္ကသိုလ်တောင်ကြီး၌ Lunch Time Talk ကျင်းပ

တောင်ကြီး ဧပြီ ၄

ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ဆေးတက္ကသိုလ် (တောင်ကြီး)၌ Luch Time Talk ကျင်းပခြင်းကို ဆေးတက္ကသိုလ်‌(တောင်ကြီး)ရှိ ပန်းချယ်ရီခန်းမ၌ ယမန်နေ့မွန်းလွဲ (၂)နာရီအချိန်က ဆောင်ရွက်ရာကျန်းမာရေး ဝန်ကြီးဌာနမှ အငြိမ်းစားပြည်ထောင်စုဝန်ကြီး ဆေးတက္ကသိုလ်(၁)နှင့် (၂)၏ ဂုဏ်ထူးဆောင်ပါမောက္ခ ဦးဖေသက်ခင်၊ မြန်မာနိုင်ငံ အရိုးအကြောအဆစ်အသင်း၏ နာယက ဆေးတက္ကသိုလ်(၁) ဂုဏ်ထူးဆောင်ပါမောက္ခ ဦးချစ်စိုး၊ ဆေးတက္ကသိုလ် တောင်ကြီးမှ ပါ‌မောက္ခချုပ် ဒေါက်တာသဲနုထွေး၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းနိုင်၊ ဆေးတက္ကသိုလ်(တောင်ကြီး)မှ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသည့် ဧည်သည်တော်များ တက်ရောက်ကြသည်။

အခမ်းအနားတွင် ဆေးတက္ကသိုလ်(တောင်ကြီး)မှ ပါမောက္ခချုပ် ဒေါက်တာသဲနုထွေးက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။ ထို့နောက် ကျန်းမာရေးဝန်ကြီးဌာနမှ အငြိမ်းစားပြည်ထောင်စုဝန်ကြီး ဆေးတက္ကသိုလ်(၁)နှင့် (၂)၏ ဂုဏ်ထူးဆောင် ပါမောက္ခ ဦးဖေသက်ခင်က “PRINCIPLES OF GROWTH  AND DEVELOPMENT” ခေါင်းစဉ်ဖြင့် Growth, Development, Physical Growth & Development, Mental / Cognitive Development, Socio-cultural / Emotional Development စသည့် ကဏ္ဍများ၊ ကျန်းမာရေးဆိုင်ရာ အသိပညာဗဟုသုတများကို အကျယ်တဝံ့ ရှင်းလင်းဆွေးနွေး သင်ကြားပေးပြီး တက်ရောက်လာသူများ၏ သိရှိလိုသည်များ မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရှိရသည်။

ဆက်လက်၍ မြန်မာနိုင်ငံအရိုးအကြောအဆစ်အသင်း၏ နာယက ဆေးတက္ကသိုလ်(၁) ဂုဏ်ထူးဆောင်ပါမောက္ခ ဦးချစ်စိုးက “How can a doctor (Rheumatologist) help patients’ life better?” ခေါင်းစဉ်ဖြင့် Medical Role, Preventive Role, Emotional & Psychological Role, Social Role, Educational Role, Ethical & Professional Role စသည့်ကဏ္ဍများ၊ ကျန်းမာရေးဆိုင်ရာ အသိပညာဗဟုသုတများကို အကျယ်တဝံ့ ရှင်းလင်းဆွေးနွေး သင်ကြားပေးပြီး တက်ရောက်လာသူများ၏ သိရှိလိုသည်များ မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရှိရသည်။

ထို့နောက် ရှင်းလင်းဆွေးနွေးသင်ကြားပေးခဲ့သည့် ကျန်းမာရေးဝန်ကြီးဌာနမှ အငြိမ်းစားပြည်ထောင်စုဝန်ကြီး ဆေးတက္ကသိုလ် (၁)နှင့် (၂)၏ ဂုဏ်ထူးဆောင်ပါမောက္ခ ဦးဖေသက်ခင်နှင့် မြန်မာနိုင်ငံအရိုးအကြောအဆစ်အသင်း၏နာယက ဆေးတက္ကသိုလ်(၁) ဂုဏ်ထူးဆောင်ပါမောက္ခ ဦးချစ်စိုးတို့အား ဆေးတက္ကသိုလ်(တောင်ကြီး)မှ ပါမောက္ခချုပ် ဒေါက်တာသဲနုထွေးက ဂါရဝပြု အမှတ်တရလက်ဆောင်များ ပေးအပ်ပေးခဲ့ကြောင်း သိရှိရသည်။

ထက်ဝေ(ပြန်/ဆက်)