လားရှိုးမြို့ရှိ သီလရှင်ကျောင်းများသို့ ခရိုင်အမျိုးသမီးရေးရာအဖွဲ့မှ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း

လားရှိုး ဧပြီ ၄

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ရှိ သာသနာ့နွယ်ဝင် သီလရှင်ကျောင်းများသို့ ခရိုင်အမျိုးသမီးရေးရာအဖွဲ့မှ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းကို ဧပြီလ ၃ ရက်နေ့ နေ့လယ်ပိုင်းက ဆောင်ရွက်သည်။

ထိုသို့ဆက်ကပ်လှူဒါန်းရာတွင် လားရှိုးခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်အေးအေးမျိုး၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်အေးအေးမွန်နှင့်အဖွဲ့ဝင်များက လားရှိုးမြို့ ရပ်ကွက် ၁၀ ရှိ သာသနာ့ဝေပုလ္လသီလရှင်ကျောင်းနှင့် ရပ်ကွက် ၈ ရှိ သာ့သနာဟိတကာရီသီလရှင်ကျောင်းတို့တွင်နေထိုင်လျက်ရှိသည့် သာသနာ့နွယ်ဝင်သီလရှင်များ ဆွမ်းအဆင်ပြေစေရေးအတွက် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်နီနှင့်ဝတ္ထုငွေများစသည့် လှူဖွယ်ဝတ္ထု အစုစုတို့အား သက်ဆိုင်ရာသီလရှင်ကျောင်းများသို့သွားရောက်၍ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

လူမော်