ကျောက်တန်း ဧပြီ ၄
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ ရွှေပြည်သာယာရပ်ကွက်ရှိ သောက်သုံးရေများ လိုအပ်သောနေရာများသို့ ယမန်နေ့ကရေလှူဒါန်းဆောင်ရွက်ခဲ့သည်၊၊
အဆိုပါသောက်သုံးရေများရေလှူဒါန်းခြင်းအား ကျောက်တန်းမြို့နယ်မီးသတ်စခန်းမှ ဒုမီးသတ်ဦးစီးမှူး ဦးကျော်သူရမျိုး ဦးဆောင်သည့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များမှ၊ မီးသတ်ရေသယ်ယာဉ်တို့ဖြင့် သွားရောက်လှူဒါန်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
နေလင်းကျော်