သုံးခွမြို့၌ ပထမပြန်စာမေးပွဲအောင်မြင်တော်မူကြသော စာအောင်သံဃာတော် အရှင်မြတ်တို့အား အောင်လက်မှတ်နှင့် ဆုတော်ငွေပေးအပ်ပွဲ အခမ်းအနားကျင်းပ

သုံးခွ ဧပြီ ၄

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင် သုံးခွမြို့နယ်အမှတ် (၁၁) ရပ်ကွက်၊ မဟာအတုလဝေယံသာသနာ့ဗိမာန်၌ စာအောင်လက်မှတ်နှင့် အလှူငွေများ ဆက်ကပ်လှူဒါန်းသည့် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ဧပြီ ၃ ရက်မွန်းလွဲ ၂ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ နမောတဿ သုံကြိမ်ရွတ်ဆို၍ ဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်သည်။ ယင်းနောက် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္ဒသုမနသီရိ  (ပဥ္စဂါမကျောင်းတိုက်) ထံမှ ဌာနဆိုင်ရာအကြီးအကဲများက ငါးပါးသီလခံယူဆောက်တည်ကာ ဆရာတော်ထံမှ သြဝါဒကထာနာကြားခဲ့ပြီး စာအောင်သံဃာတော်များအား အောင်လက်မှတ်နှင့် ဆုတော်ငွေများကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ဆပ်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ဆရာတော်သံဃာတော်များက ရေစက်သွန်းချအမျှပေးဝေခဲ့ကာ အခမ်းအနားအား ဗုဒ္ဓသာသနံစိရံတိဌတု (၃) ကြိမ်ရွတ်ဆို၍ အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်း သိရသည်။

စည်သူလင်း