သုံးခွ ဧပြီ ၄
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းတည့် ၁၂ နာရီက လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပြုလုပ်ခဲ့သည်။
ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်တင်တင်ထွေးက သဘာဝဘေးအန္တရာယ်ကင်းဝေးစေရေး သတိပြုလိုက်နာ ရှောင်ရှားသင့်သည့် အကြောင်းအရာများကို ပြောကြားပြီး မြို့နယ်ကြက်ခြေနီအသင်းခွဲရုံးမှ တပ်စုမှူး ဦးလင်းနိုင်ထွန်းက ငလျင်အန္တရာယ်သည် ကြိုတင်ခန့်မှန်းနိုင်မှုမရှိကြောင်း၊ အချိန်အခါမရွေး လှုပ်ခတ်နိုင်သောကြောင့် အန္တရာယ်ကင်းရှင်းစေရေးအတွက် နေထိုင်ပြုမူရမည့်အချက်များ၊ ငလျင်လှုပ်နေစဥ်ဆောင်ရွက်ရန်အချက်များ၊ ငလျင်လှုပ်ပြီးနောက် ဆောင်ရွက်ရမည့် နည်းလမ်းများ၊ ငလျင်ဘေးအန္တရာယ်နှင့်ပတ်သက်၍ အချိန်တိုင်းဂရုပြုနေထိုင်ကြရန် အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသော သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များကို တက်ရောက်လာသူများ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
စည်သူလင်း