ဒလမြို့နယ်၌ သောက်သုံးရေလိုအပ်ချက်ရှိသော ပြည်သူများအား  သောက်သုံးရေလှူဒါန်း

ဒလ မတ် ၄

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၌ ပူပြင်းခြောက်သွေ့သော နွေရာသီတွင် သောက်သုံးရေပြတ်လပ်မှုမရှိစေရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနက ယမန်နေ့နံနက်ပိုင်းတွင် စံပြတံတားချောင်းကျေးရွာရှိ သောက်သုံးရေလိုအပ်လျက်ရှိသော ပြည်သူများအား သောက်သုံးရေများ(အခမဲ့) လှူဒါန်းပေးခဲ့သည်။

အဆိုပါလှူဒါန်းမှုအား မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးအောင်သူ ဦးဆောင်၍သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၅) ဦးတို့က (4S-1904) WOHO မီးသတ်ရေသယ်ယာဉ်(၁)စီးတို့ဖြင့် ကျေးရွာရှိသောက်သုံးရေလိုအပ်လျက်ရှိသောနေအိမ်များသို့ အိမ်တိုင်ရာရောက် သောက်သုံးရေများ (အခမဲ့) လှူဒါန်းခဲ့ကြောင်း သိရသည်။

ခင်စန္ဒာမြင့်