ကွန်ဟိန်းမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲဆောင်ရွက်

ကွန်ဟိန်း ဧပြီ ၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင် ကွန်ဟိန်းမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲအား ယမန်နေ့ နံနက်  (၁၀) နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက် လက်ထောက်-(၃) ဒေါ်သဲမာက ပြည်သူများ အသိပညာစွမ်းရည်များ တိုးတက်မြင့်မားအောင် စာအုပ်စာပေများကို လေ့လာဖတ်ရှုဖို့လိုအပ်ကြောင်း စာအုပ်စာစောင်တွေဖတ်မှ အသိပညာ ဗဟုသုတတိုးပွားမည်ဖြစ်ကြောင်း၊ အမှား အမှန် ဝေဖန်ပိုင်းခြားနိုင်ပြီး စာအုပ်စာပေတွေကနေ ရရှိလာတဲ့ အသိပညာ ဗဟုသုတများနဲ့ မိမိရဲ့ဘဝကို တိုးတက်မြင့်မားလာအောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

ထို့နောက် သုတ၊ ရသ၊ စာအုပ် စာစောင်များ ခင်းကျင်းပြသခြင်းနှင့် စာအုပ်များ ငှားရမ်းပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)