ကျောက်ဆည် ဧပြီ ၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ် မိုးကြို၊ မိုး၊ မိုးနှောင်းကာလများတွင် ဝါသီးနှံ (၁၃၄၆၄)ဧက စိုက်ပျိုးခဲ့ပြီး အထွက်နှုန်းအနေဖြင့် (၆၂၇၉၃၁၉)ပိဿာ ထွက်ရှိကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှ သိရသည်။
ကျောက်ဆည်မြို့နယ်၌ ဝါသီးနှံများစိုက်ပျိုးရာတွင် ဒေသနှင့်ကိုက်ညီသည့် ငွေချည်-၆၊ ငွေချည်-၉၊ ရွှေတောင်-၈ ဝါမျိုးများအဓိကထား စိုက်ပျိုးကြပြီး မိုးကြိုရာသီး၌ (၁၀၀)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး (၁)ဧက အထွက်နှုန်း (၄၅၃)ဒသမ (၅၀)ပိဿာ၊ စုစုပေါင်းအထွက်နှုန်း (၄၅၃၅၀)ပိဿာ၊ မိုးရာသီ၌ (၂၉၃၄) ဧက စိုက်ပျိုးနိုင်ခဲ့ပြီး (၁)ဧကအထွက်နှုန်း (၄၆၅)ဒသမ (၀၇)ပိဿာ၊ စုစုပေါင်းအထွက်နှုန်း (၁၃၆၄၅၁၅) ပိဿာ၊ မိုးနှောင်းရာသီ၌ (၁၀၄၃၀)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး (၁)ဧကအထွက်နှုန်း (၄၆၆)ဒသမ (၈၇)ပိဿာ၊ စုစုပေါင်း အထွက်နှုန်း (၄၈၆၉၄၅၄)ပိဿာ ထွက်ရှိကြောင်းသိရသည်။
သက်မောင်(ကျောက်ဆည်)