ပြင်ဦးလွင် ဧပြီ ၄
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပတ်၀န်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော ပတ်၀န်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ဧပြီလ (၂)ရက်နေ့ မွန်းလွဲ(၂)နာရီအချိန်က နွေရာသီသင်တန်းတက်ရောက်နေသော သင်တန်းသား၊ သင်တန်းသူများအား ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့သည်။
အဆိုပါလက်ကမ်းစာစောင်တွင် သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းခြင်းဆိုင်ရာ အကြောင်းအရာများ၊ အိုဇုန်းလွှာအကြောင်းများ၊ ပလတ်စတစ်ညစ်ညမ်းမှုအကြောင်းအရာများ စသည့်အကြောင်းအရာများပါ၀င်သည့် လက်ကမ်းစာစောင်များကို ကျောင်းသား၊ ကျောင်းသူများအား ဗဟုသုတရရှိစေရန်နှင့် ရည်ရွယ်၍ ဖြန့်ဝေပေးခဲ့ခြင်းဖြစ်သည်။
သွေးသွေး(ပြန်/ဆက်)