တောင်သာမြို့၌ ပါဠိပထမပြန်စာမေးပွဲဆက်လက်ဖြေဆို

တောင်သာ  ဧပြီ ၃

မန္တလေးတိုင်းဒေသကြီး တောင်သာမြို့ အမှတ် ၆ ရပ်ကွက်အတွင်ရှိဗိမာန်၌ ယနေ့မွန်းတည့် ၁၂နာရီက မြို့နယ် သံဃာ့နာယကဆရာတော်များ၏ ကြီးကြပ်မှုဖြင့် ပါဠိပထမပြန် စာမေးပွဲ (ကြီး၊ လတ်)တန်းများ ဆက်လက်ဖြေဆိုတော်မူခဲ့ကြောင်း သိရသည်။

ပါဠိပထမပြန်စာမေးပွဲကို မြို့နယ်အတွင်းရှိ စာသင်တိုက်များမှ သံဃာတော်များ၊ လူနှင့် သီလရှင်များ ဖြေဆိုကြရာ ပထမကြီးတန်း၌ စာရင်းရှိ ၇၊ ဖြေဆို ၆၊ ပျက်ကွက် ၁၊ ပဌာန်းကုသလတိက်ဘာသာကို လည်းကောင်း၊ ပထမ လတ်တန်း၌ စာရင်းရှိ ၈၊ ဖြေဆို ၈ ၊ ဘာသာပြန်ဘာသာကိုလည်းကောင်း ဖြေဆိုတော်မူခဲ့ကြောင်း သိရသည်။

အဆိုပါ ပါဠိပထမပြန်စာမေးပွဲကို မတ် ၂၉ရက်မှ ဧပြီ ၄ ရက်အထိ နေ့စဉ် မွန်းတည့် ၁၂နာရီမှ ညနေ ၃ နာရီအထိ ကျင်းပသွားမည်ဖြစ်သည်။ကျော်မျိုးနိုင်(တောင်သာ)