တောင်သာ ဧပြီ ၃
မန္တလေးတိုင်းဒေသကြီး တောင်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျင်းပသော ပုံပြောပြိုင်ပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်ပြပွဲကို ဧပြီ ၃ ရက် နံနက် ၉ နာရီခွဲအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။
ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရဲဝင်းအောင်က ကျောင်းသား/ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိစေရန်၊ ကျောင်းသား/ကျောင်းသူများ ယခုလိုပြိုင်ပွဲကျင်းပခြင်းကြောင့် အချင်းချင်းပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အထကောင်းများရရှိစေရန်၊ လူအများရှေ့တွင် ပြောရဲဆိုရဲတတ်သော အလေ့အကျင့်ကောင်းများ ရရှိလာစေရန် မှတ်ဉာဏ်ဖွံ့ဖြိုးတိုးတက်စေရန်၊ မြန်မာ့ရိုးရာစကားပုံများကို သိရှိနိုင်စေရန် ရည်ရွယ်၍ ယခုလိုပြိုင်ပွဲများ ဆောင်ရွက်ပေးလျက်ရှိကြောင်းတို့ကို ရှင်းလင်းပြောကြားပြီးနောက် ပုံပြောပြိုင်ပွဲအား ဆက်လက်ကျင်းပရာ ပါဝင်ယှဉ်ပြိုင်ကြသည့် ကျောင်းသား/ကျောင်းသူများက အသီးသီးပါဝင်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲဝင်ကျောင်းသား/ကျောင်းသူများအား သုတ၊ ရသ စာအုပ် စာစောင်များနှင့် နံရံကပ်ပြဘုတ်များ ကြည့်ရှုပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများက မုန့်များကျွေးမွေးခဲ့ကြောင်း သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)