ဆီဆိုင်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးနှင့် မြို့မစခန်း၌ မီးဘေးလုံခြုံရေး ဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ခြင်း ဇာတ်တိုက်လေ့ကျင့်

ဆီဆိုင် ဧပြီ ၃

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးနှင့် မြို့မစခန်းတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ မီးဘေးလုံခြုံမှုရှိစေရေးနှင့် မီးဘေးအန္တရာယ် ကြုံတွေ့လာပါက လက်တွေ့လုပ်ဆောင်နိုင်စေရန် ရည်ရွယ်၍ မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်းနှင့် မီးငြိမ်းသတ်ခြင်း ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါရုံး၌ ပြုလုပ်ခဲ့သည်။

ဦးစွာ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သိန်းဝင်းက အမှာစကားပြောကြားပြီး  မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ  ဦးကျော်မျိုးလှိုင်က မီးဘေးလုံခြုံရေး ကြိုတင်ဆောင်ရွက်ထားရှိရမည့်အချက်များ၊ မီးသတ်ဆေးဘူးအသုံးပြုနည်းအကြောင်းများကို အသိပညာပေးဟောပြောခဲ့သည်။ ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သိန်းဝင်း၊ ဒုတိယမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူး မြင့်စိုးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့မစခန်းမှူး ဒုတိယရဲမှူး ဇော်လင်းဦးနှင့်တပ်ဖွဲ့ဝင်များ၊ တပ်ဖွဲ့ဝင်မိသားစုများအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်စေရန်အတွက် မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များက လက်တွေ့မီးငြှိမ်းသတ်ခြင်း၊ မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်ခြင်းတို့ကို လက်တွေ့သရုပ်ပြဇာတ်တိုက်လေ့ကျင့် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)