မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များအား ဥပဒေမူကြမ်းရေးဆွဲခြင်းနှင့် စိစစ်ခြင်းလုပ်ငန်းများရှင်းလင်းဆွေးနွေး

အောင်မြေသာစံ  ဧပြီ ၃

ဥပဒေမူကြမ်းရေးဆွဲခြင်းနှင့် စိစစ်ခြင်းလုပ်ငန်းများ ရှင်းလင်းဆွေးနွေးပွဲအခမ်းအနားကို ဧပြီလ ၃ ရက်နေ့ နံနက် ၁၀ နာရီက မန္တလေး၊ အောင်မြေသာစံမြို့နယ်ရှိ တိုင်းဒေသကြီးလွှတ်တော် သဘင်ဆောင်၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက အမှာစကားပြောကြားပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဥပဒေချုပ် ဦးမြင့်အောင်က ဥပဒေပြုခြင်းဆိုင်ရာများအား ရှင်းလင်းဆွေးနွေးကာ ဥပဒေရေးရာဝန်ကြီးဌာန၊ တိုင်းဒေသကြီးဥပဒေချုပ်ရုံး၊ ဒုတိယညွှန်ကြားရေးမှူး ဦးဆန်းဝင်းက ဥပဒေမူကြမ်းရေးဆွဲခြင်းနှင့် စိစစ်ခြင်းလုပ်ငန်းများအား ရှင်းလင်းဆွေးနွေးသည်။ ထို့နောက်တက်ရောက်ကြသော လွှတ်တော်ကိုယ်စားလှယ်များက သိရှိလိုသည်များ မေးမြန်းဆွေးနွေးခြင်းများ ဆောင်ရွက်ကြသည်။

အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ ဒုတိယဥက္ကဋ္ဌ ဦးကျော်မြင့်နှင့် လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြကြောင်း သိရသည်။

မြင့်မော်ထွန်း(ပြန်/ဆက်)