ကျောက်ဆည် ဧပြီ ၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ် မိုးကြို၊ မိုး၊ မိုးနှောင်းကာလများတွင် ဝါသီးနှံ ၁၃၄၆၄ ဧက စိုက်ပျိုးခဲ့ပြီး အထွက်နှုန်းအနေဖြင့် ၆၂၇၉၃၁၉ ပိဿာထွက်ရှိကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှ သိရသည်။
ကျောက်ဆည်မြို့နယ်၌ ဝါသီးနှံများစိုက်ပျိုးရာတွင် ဒေသနှင့်ကိုက်ညီသည့် ငွေချည်-၆၊ ငွေချည်-၉၊ ရွှေတောင်-၈ ဝါမျိုးများအဓိကထား စိုက်ပျိုးကြပြီး မိုးကြိုရာသီး၌ ၁၀၀ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ၁ဧက အထွက်နှုန်း ၄၅၃ဒသမ၅၀ ပိဿာ၊ စုစုပေါင်းအထွက်နှုန်း ၄၅၃၅၀ပိဿာ၊ မိုးရာသီ၌ ၂၉၃၄ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ၁ ဧကအထွက်နှုန်း ၄၆၅ ဒသမ၀၇ ပိဿာ၊ စုစုပေါင်းအထွက်နှုန်း ၁၃၆၄၅၁၅ ပိဿာ၊ မိုးနှောင်း ရာသီ၌ ၁၀၄၃၀ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ၁ဧကအထွက်နှုန်း ၄၆၆ဒသမ၈၇ ပိသာ၊ စုစုပေါင်းအထွက်နှုန်း ၄၈၆၉၄၅၄ ပိဿာ ထွက်ရှိကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)