ပြင်ဦးလွင်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် Soft Skill သင်တန်း (ဒုတိယအကြိမ်)အား ဆက်လက် ဖွင့်လှစ်သင်ကြား

ပြင်ဦးလွင် ဧပြီ ၃

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre ) တွင် Soft Skill သင်တန်း(ဒုတိယအကြိမ်)ကို ဧပြီလ ၁ ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့ရာ ယနေ့နံနက်ပိုင်းတွင် သင်တန်းတတိယနေ့အား ဆက်လက်ဖွင့်လှစ်သင်ကြားလျက်ရှိသည်။

သင်တန်းတတိယနေ့တွင်  သင်တန်းနည်းပြ ဦးအောင်မျိုးပိုင် (Human Resource Management  Consultant)က တိုးတက်ပြောင်းလဲနေသော ယနေ့ခေတ် ပညာရေးတွင် ကျောင်းသား၊ ကျောင်းသူများ ပညာရေးအောင်မြင်မှုနှင့် အနာဂတ်အလုပ်အကိုင်ကောင်းများ ရရှိစေရန်၊ အရည်အချင်း ပြည့်၀သော လူငယ်များဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ အဓိက သော့ချက်ဖြစ်သည့် Communication Skill (ထိရောက်သော ဆက်သွယ်မှု)၊ Critical Thinking and Problem Solving(ခွဲခြမ်းစိတ်ဖြာနိုင်ခြင်း၊ ယုတ္တိရှိရှိတွေးခေါ်နိုင်ခြင်းနှင့် ပြဿနာဖြေရှင်း နည်း)၊ Collaboration and Teamwork (ပူးတွဲဆောင်ရွက်ခြင်းနှင့် အဖွဲ့လိုက် ဆွေးနွေးလုပ်ဆောင်နိုင်ခြင်း)၊ Emotional Intelligence and Empathy (စိတ်ခံစားမှုတွေကို နားလည်ခြင်းနှင့် စီမံခန့်ခွဲခြင်း)၊ Adaptability and Resilience (အလိုက်သင့်တွန်းလှန်နိုင်ခြင်းနှင့် စိန်ခေါ်မှုတွေကိုရင်ဆိုင်ကျော်လွှားနိုင်ခြင်း)၊ Leadership and Decision- Making (ခေါင်းဆောင်မှုနှင့် တာ၀န်ယူမှု၊ တာ၀န်ခံမှုရှိခြင်း)၊ Time Management and Organizational Skill(အချိန်စီမံခန့်ခွဲမှုနှင့်အဖွဲ့အစည်းနှင့်လုပ်ဆောင်နိုင်ခြင်း)၊ Creativity and Innovation (တီထွင်ဖန်တီးနိုင်မှုနှင့်ဆန်းသစ်ပြောင်းလဲနိုင်ခြင်း)စသည့်ပညာရပ်များကို စာတွေ့/လက်တွေ့သင်ကြားပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါ၀င်စွာ လေ့လာမှတ်သားသင်ယူခဲ့ကြောင်း သိရသည်။

သွေးသွေး (ခရိုင် ပြန်/ဆက်)