ပြင်ဦးလွင်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပတ်၀န်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်

ပြင်ဦးလွင် ဧပြီ ၃

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပတ်၀န်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော ပတ်၀န်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ယမန်နေ့ မွန်းလွဲ ၂ နာရီက နွေရာသီသင်တန်းတက်ရောက်နေသော သင်တန်းသား၊ သင်တန်းသူများအား ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့သည်။

အဆိုပါလက်ကမ်းစာ‌စောင်တွင် သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းခြင်းဆိုင်ရာ အကြောင်းအရာများ၊ အိုဇုန်းလွှာအကြောင်းများ၊ ပလတ်စတစ်ညစ်ညမ်းမှုအကြောင်းအရာများ စသည့်အကြောင်းအရာများ ပါ၀င်သည့်လက်ကမ်းစာစောင်များကို ကျောင်းသား၊ ကျောင်းသူများအား ဗဟုသုတ ရရှိစေရန်နှင့်ရည်ရွယ်၍  ဖြန့်ဝေပေးခဲ့ခြင်းဖြစ်သည်။

 သွေးသွေး (ခရိုင် ပြန်/ဆက်)