မန္တလေးခရိုင်၊ လူထုအခြေပြုဗဟိုဌာန၌ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)၏ “လူငယ်နဲ့အခွင့်အလမ်း”စာအုပ်ဖြင့် စာဖတ်ဝိုင်းနှင့် ပြပွဲ ပြုလုပ်

မန္တလေး  ဧပြီ ၃

မန္တလေးတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မန္တလေးခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားထားသော “လူငယ်နဲ့အခွင့်အလမ်း” စာအုပ်ဖြင့် ပြည်ကြီးတံခွန် မြို့နယ်၊ မူလွန် (၂၀)ကျောင်းမှ ကျောင်းသူ၊ ကျောင်းသားများနှင့်ပူးပေါင်း၍ စာဖတ်ဝိုင်းနှင့်ပြပွဲများ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မန္တလေးခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက စာရေးဆရာ ချစ်နိုင် (စိတ်ပညာ) ရေးသားထားသော “လူငယ်နဲ့အခွင့်အလမ်း”စာအုပ်မှ အကြောင်းအရာများအား ဆွေးနွေးပြောကြားခဲ့ရာ  စာဖတ်ဝိုင်းတက်ရောက်လာသည့် ကျောင်းသူ၊ ကျောင်းသားများကလည်း  အသီးသီးပြန်လည်ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ၊ ရသစာအုပ်စာစောင်များနှင့် အသိပညာပေး နံရံကပ်စာစောင်များကို ပြသခဲ့ရာ တက်ရောက်လာသည့်  ကျောင်းသူ၊ ကျောင်းသားများက ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ဇင်မင်းမောင် (ခရိုင်၊ ပြန်/ဆက်)