မန္တလေးခရိုင်၊ လူထုအခြေပြုဗဟိုဌာန၌ စာစီစာကုံးပြိုင်ပွဲ ကျင်းပ

ပြည်ကြီးတံခွန်  ဧပြီ ၃

မန္တလေးတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မန္တလေးခရိုင်၊ လူထုအခြေပြုဗဟိုဌာန၌ ယနေ့ နံနက် ၉ နာရီခွဲက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ စာစီစာကုံးပြိုင်ပွဲ ကျင်းပခဲ့သည်။

အဆိုပါ စာစီစာကုံးပြိုင်ပွဲတွင် ကျောင်းသူ၊ ကျောင်းသားများအနေဖြင့် နွေရာသီကျောင်းပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ညဏ်ရည်ညဏ်သွေးများ မြင့်မားလာစေရန်ရည်ရွယ်၍ စာစီစာကုံးပြိုင်ပွဲတွင်  ပြည်ကြီးတံခွန်မြို့နယ်၊ မူလွန် (၂၀)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ၁၅ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ယင်း စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသည့် ကျောင်းသူ၊ ကျောင်းသားများကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက ဆုများ ပေးအပ်ချီး မြှင့်ခဲ့ကြောင်း သိရသည်။

ဇင်မင်းမောင် (ခရိုင်၊ ပြန်/ဆက်)