သာစည် ဧပြီ ၃
မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်၏ စက်သုံးဆီအရောင်းဆိုင်များတွင် သတ်မှတ်ရည်ညွှန်းစျေး၊ ညွှန်ကြားချက်များနှင့်အညီ ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေး ဧပြီ ၁ ရက်နေ့က ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြကြောင်း မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီထံမှ သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြိုနယ်ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးဆပ်ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး မျိုးသက်ကျော်နှင့်အဖွဲ့ဝင်များက သာစည်မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များသို့ ကွင်းဆင်း၍ PPRD မှ ပေးပိုသော PO ခွဲတမ်းများကို သတ်မှတ်ရည်ညွှန်းစျေး၊ ညွှန်ကြားချက်များနှင့်အညီ ရောင်းချခြင်းရှိ/မရှိနှင့် မော်တော်ယာဉ်များနှင့် မော်တော် ဆိုင်ကယ်များကို စက်သုံးဆီစနစ်တကျ ရောင်းချပေးနေမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)