သာစည်မြို့၌ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်‌ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

သာစည် ဧပြီ ၃

မိတ္ထီလာခရိုင်၊ သာစည်မြိုနယ်၌ ၁၃၈၇ ခုနှစ်၏ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်‌ရေး လုပ်ငန်းညှိနှိုင်အးစည်းအဝေးကို ဧပြီ ၂ ရက်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးစည်းဝေးခန်းမ၌ ပြုလုပ်‌ကြောင်း သိရသည်။

ဦးစွာ မြိုနယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြိုနယ်အုပ်ချုပ်ရေးမှူး  ဦးမျိုးသက်ကျော်က မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို  ရိုးရာအစဉ်အလာမပျက် ကျင်းပလာခဲ့ရာ ယခုနှစ်တွင်  စက်သုံးဆီချွေတာနိုင်ရေး လမ်းညွှန်ချက်နှင့်အညီ   မြန်မာတို့၏ ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် လမ်းလျှောက်သင်္ကြန်ကို  အမှတ်(၁) ရပ်ကွက်ရှိ ရုံးပေါင်းစုံလမ်းတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါကြောင်း၊ ထိုသို့ကျင်းပပြုလုပ်ရာတွင် ဗဟိုမဏ္ဍပ်၌ ယိမ်းအကအဖွဲ့များ၊ ဖျော်ဖြေရေးအဖွဲများ၊  စတုဒီသာမဏ္ဍပ်၌ မြန်မာ့ရိုးရာအစားအစာများဖြင့် ကျွေးမွေးဧည့်ခံခြင်းများကို မြန်မာတို့၏ ရိုးရာယဉ်ကျေးမှုနှင့်အညီ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည် ဖြစ်ပါ‌ ကြောင်း  ရှင်းလင်းဆွေးနွေးသည်။ ထို့နောက် တက်ရောက်လာသော မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ဗဟိုမဏ္ဍပ်နှင့် စတုဒီသာမဏ္ဍပ်ဆောက်လုပ်မည့်အခြေအနေများ၊ ရေရရှိရေးဆောင်ရွက်မည့်‌အခြေအနေများ၊ သင်္ကြန် ယိမ်းအကအဖွဲ့များ၊ ဖျော်ဖြေ‌ရေးအဖွဲ့များဖြင့် ကပြဖျော်ဖြေမည့်အခြေအနေများ လုံခြုံရေးဆိုင်ရာ ဆောင်ရွက်မည့်အခြေအနေများကို  ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြရာ  ပြည်သူများအနဖြင့် စိတ်အေးချမ်းပျော်ရွှင်စွာရေကစားနိုင်ရေး   ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 မြို့နယ်(ပြန်/ဆက်)