ထားဝယ် ဧပြီ ၂
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် စက်သုံးဆီချွေတာနိုင်ရေးကို ရည်ရွယ်ပြီးအမှတ် ၇၄ ယာဉ်ထိန်းရဲတပ်ဖွဲ့စု မှူး ရုံးမှ ဒုရဲမှူးသန်းဇော်ဝင်းဦးဆောင်၍ တပ်ဖွဲ့ဝင်များနှင့်ပူးပေါင်းအဖွဲ့များက ထားဝယ်မြို့အတွင်း သွားလာနေသော “စုံ”ရက်၊ “မ”ရက် ယာဉ်များအား မတ်လ ၁၄ ရက်နေ့မှစ၍ ယနေ့အထိ လိုက်လံကြည့်ရှုစစ်ဆေးပြီး စည်ကမ်းမလိုက်နာသော ယာဉ်များအား အရေးယူ ဆောင်ရွက်လျက်ရှိသည်။
“စုံ”ရက်၊ “မ”ရက် ခွဲခြားပြီး မော်တော်ယာဉ်မောင်းနှင်တဲ့စနစ်ဟာတစ်နိုင်ငံလုံး အရေးယူဆောင်ရွက်နေတာဖြစ်တယ်။ စည်းကမ်းလိုက်နာတဲ့ မော်တော်ယာဉ်များကို တွေ့ရှိရသလို မလိုက်နာတဲ့ မော်တော်ယာဉ်အချို့ကိုလည်းတည်ဆဲ ဥပဒေများနှင့်အညီ ဥပဒေအရအရေးယူဆောင်ရွက်သွားမှာဖြစ်တယ်။ ဝန်ထမ်းကြိုပို့ယာဉ်များ၊ ကုန်စည်သယ်ယူ ပို့ဆောင်ရေးယာဉ်များ၊ စက်ရုံအလုပ်ရုံ လုပ်ငန်းသုံးယာဉ်များ၊ ကျောင်းကြို/ပို့ယာဉ်များ၊ ဝန်ထမ်းယဉ်များ၊ စက်ရုံ အလုပ်ရုံ၊ ကုန်ပစ္စည်း၊ ကျောင်းနှင့် ပတ်သက်သောယာဉ်များဖြစ်ပါက စီးနင်းလိုက်ပါသူများအနေဖြင့် သက်ဆိုင်ရာ အထောက်အထားများ ခိုင်မာစွာပြသဖို့လိုတယ်၊ “စုံ”ရက်၊ “မ”ရက် မော်တော်ယာဉ်သုံးစွဲခြင်းနှင့် ပတ်သက်လို့ မော်တော်ယာဉ်ပိုင်ဆိုင်တဲ့သူများ စက်သုံးဆီကို ခြိုးခြံချွေတာနိုင်ရေးကို အလေးထားပြီး ဆောင်ရွက်နေတာဖြစ်သောကြောင့် ယာဉ်အသုံးပြုသူများအနေဖြင့် နားလည်ပေးဖို့လိုတယ်ဟု အမှတ် ၇၄ ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံးမှ ဒုရဲမှူး သန်းဇော်ဝင်းက ပြောသည်။
ထို့နောက်အမှတ် ၇၄ ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံးမှ ဒုရဲမှူးသန်းဇော်ဝင်းဦးဆောင်သော ပူးပေါင်းအဖွဲ့များက ထားဝယ်မြို့အတွင်း သွားလာနေသောယာဉ်များအား လိုက်လံကြည့်ရှုပြီးစုံ/မယာဉ်ခွဲခြားကာ စည်ကမ်းမလိုက်နာသော ယာဉ်များအား ဥပဒေအရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထားဝယ်ခရိုင်(ပြန်/ဆက်)